ထိုင်းမုန့်တီထောင်း


(1) ငရုတ်သီးအနီတောင့်ကိုနွမ်းရုံသာပြုတ်ပေးပါ။ (တကယ့်မုန့်တီထောင်းမှာ ငရုတ်သီးကိုမပြုတ်ရပါဖူး )

(2) ပြုတ်ထားသောငရုတ်အနီတောင့် မြေပဲအနည်းငယ်နှင့်ထန်းလျက်အားကျေညက်အောင်ထောင်းထားပါ။

(3) ခရမ်းချဉ်သီးနှင့်သံပုရာသီး လှီးထားပေးပါ

(4) မုန့်တီဖတ်ပေါ်သို့ အပေါ်မှထောင်းထားသောအရာများထည့်ပါ။ လှီးထားသောခရမ်းချဉ်သီးလည်းထည့်ပါ။

(5) ထိုင်းငပိရည် အချိုမှုန့် ( သို့ ) ပုဇွန်ခြောက်မှုန့် ငံပြာရည်အနည်းငယ် သံပုရာသီးညှစ်ပေးပြီး နယ်ပေးပါ။ ( ထောင်းသည့် ငရုတ်ဆုံရှိပါက အသာလေးလိမ့်ထောင်းနိုင်ပါသည် ) ထို့နောက် အရသာ အစပ်အငန်အားမြည်း ကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပြီး စားနိုင်ပါပြီနော် ။ seafoodတို့ သင်္ဘောသီးတို့ နှစ်သက်ရာဖြင့်လည်းရောစား လို့ရပါတယ်။ ထိုင်းငပိရည်မကြိုက်သူ ( သို့ )ဝယ်မရရင် (သို့ ) အရည်ရွဲရွဲလေးစားချင်ပါက ရေနွေးအစားထိုးသုံးပါ။




No comments:

Post a Comment

@templatesyard