မိုးကုတ်ဒံပေါက်


အစိမ်းဖောက်၊ အကျက်ဖောက်ဆိုတာကတော့ကြက်သားပာင်းအပေါ်မူတည်ပြီးကွဲပြားသွားတာပါ။ကြက်သား အစိမ်းကိုထမင်းထဲအုံပြီးဖောက်ခြင်းမျိုးကိုအစိမ်းဖောက်လို့ခေါ်ပါတယ်ကြက်သားပာင်းသီးသန့်ချက်တာမျိုးကိုတော့အကျက်
ဖောက်လို့ခေါ်ဆိုကြပါတယ်။ကြက်သားဒံပေါက်(အစိမ်းဖောက်) - လူ (၁၅) ယောက်စာ

ကြက်သားပာင်းအတွက်ပါ၀င်ပစ္စည်းများ

  • မြန်မာကြက်ပေါင်(သို့)ရင်ပုံသားရောရာ ........(၁၆) ခု
  • ကြက်သွန်နီ .....................၅၀ သား
  • ချင်း + ကြက်သွန်ဖြူ.............(၁၅) ကျပ်သား
  • ဒံပေါက်မဆလာ .................အနည်းငယ်
  • နနွင်း+အရောင်တင်မှုန်. ...... အနည်းငယ်
  • ဒိန်ချဉ်...............................၃ဇွန်း
  1. ဒံပေါက်အတွက်ကြက်သားကို တစ်ပွဲစာ တစ်ခုဖြစ်စေရန် ၅၀ကျပ်သားထက်မပိုသောကြက်သား ကိုဝယ်ယူပြီးပေါင်၂ခု ရင်ပုံ ၂ခုရအောင်ခြမ်းပါ။
  2. ကြက်သားအတွက်ကြက်သွန်နီအကြွပ်ကြော်ပြီးချေပါ။
  3. ၀ယ်ယူလာတဲ့ကြက်သားတွေကိုသန့်စင်ပြီးရင် ဇကာတစ်ခုမှာထည့်၊အပေါ်ကအလေး
  4. ချိန်ရှိတဲ့ပစ္စည်းတစ်ခုခုနဲ့ဖိပြီးရေစစ်ထားပေးရပါမယ်။
  5. ရေကုန်စင်အောင်စစ်ပြီးတာနဲ့ချင်း+ကြက်သွန်ဖြူထောင်းအရော၊ ဆား ၊ ဒိန်ချဉ်၊ ပာင်းခတ်မှုန့်၊ နနွင်း၊ အရောင်တင်မှုန့်၊မဆလာတို့နှင့်ရောနယ်ပြီးအနည်းဆုံးနာရီ၀က်လောက်နှပ်ထားပေးပါ။

ဒံပေါက်ထမင်းတွက်ပါ၀င်ပစ္စည်းများ

  • တောင်ကြီးဆန်ကောင်းကောင်း(သို့) ဘာမစတီဆန်လုံးရှည်...........၁ ပြည်
  • ကြက်သွန်နီ.................၇၀ ကျပ်သား
  • ဒန်ပေါက်မဆလာ...........၅ ဇွန်း
  • (စပ်ပြီးသားမရှိက..နံနံစေ့၊ ဇီယာစေ့၊ လေညှင်း ၊ ဖာလာ၊ နာနတ်ပွင့်များကိုလှော်ပြီးရောထောင်းနိူင် )
  • နိူ့စိမ်း....................... ၂ဗူး
  • သကြား....................၁၅ ကျပ်သား
  • ဆား.........................သင့်ရုံ
  • ပဲစိမ်း.........................၂ဗူး
  • သီဟိုဠ်စေ့ + စပျစ်ခြောက်.....(၃၀) သား
  • ကရဝေးရွက်.............၅ရွက်
  • သစ်ကြပိုးခေါက်.........၃ခု
  • လေးညှင်း + ဖာလာစေ့....အနည်းငယ်စီ
  • စားသုံးသောအရောင် (လိမ္မော်) အနည်းငယ်
  • ထောပတ်( သို့) ဂီး......၂၀ကျပ်သား

ဇွန်း=ထမင်းစားဇွန်း

ချက်နည်း

- ပထမဆုံးကြက်သွန်နီကိုအကြွပ်ကြော်ပြီးချေထားပါ။

- စပျစ်စေ့ ၊ သီဟိုဠ်စေ့ တို့ကိုလဲကြော်ပြီးဆီစစ်ထားပါ။

- ပဲစိမ်းလုံးလတ်လတ်ဆတ်ဆတ်ဆိုရင်တော့ပြုတ်ပြီးရေစစ်ထားပါအသင့်သုံးဗူးဆိုရင်တော့ပြုတ်စရာမလိုပဲရေစစ်ထားရုံပါ။

- ဆန်ကိုရေဆေးပြီးဇကာတစ်ခုနှင့်စစ်ထားပါ။

- ပထမဆုံးမီးပြင်းပြင်းမှာဒန်အိုးကြီးကြီးတစ်လုံးဖြင့်ရေနွေးတည်ပါ။

- သစ်ကြပိုးခေါက်၊ဖာလာ+လေးညှင်းနှင့်ကရဝေးရွက်တို့ကိုထည့်ပြုတ်ပါ။

- ရေနွေးဆူပြီဆိုလျှင်ဆေးထားသောဆန်တွေကိုထည့်ပြုတ်ပါ။ချက်ချင်းသစ်သားယောင်းမဖြင့်မွှေပေးပါ။

- ဆန်တစ်၀က်ကျက်လောက်အရောက်မှာဇကာဖြင့်ပြန်စစ်ယူပါ။

- ပြင်ဆင်ထားတဲ့အိုးအတွင်းကိုငှက်ပျောရွက်တွေခင်းပေးပြီးစပျစ်စေ့ကြော်ထားတဲ့ဆီအနည်းငယ်လောင်း ပေးပါ။

- ရေနွေးဖျောထားတဲ့ဆန်ကို ၅ပုံ ၁ပုံခန့်ဖြန့်ခင်းပါ။

- အရသာနှပ်ထားတဲ့ကြက်သားတွေကိုစီထည့်ပါ။ချေထားတဲ့ကြက်သွန်နီကြော်တွေဖြန့်ခင်းပါ။

- နောက်ထပ်ရေနွေးဖျောထားတဲ့ဆန် ၁ပုံဖြန့်ခင်းပါ။

- ကြက်သွန်နီကြော်၊ မဆလာ ၊ သီပိာုဠ်စေ့ကြော်၊ စပျစ်ခြောက်၊ ထောပတ်၊ ပဲစိမ်း၊ ဆား၊ သကြား၊နို့ဆီတို့ကိုလည်း (၃) ပုံတစ်ပုံစီဖြန့်ထည့်ပါ။

- ထိုနည်းအတိုင်း ၃ လွှာပြုလုပ်ပါ။ရေနွှေးဖျောထားသောဆန်များအငွေ့မကုန်ခင်အမြန်ပြုလုပ်ဖို့လွန်စွာ အရေးကြီးပါသည်။

- အဖုံးကိုလုံအောင်သေချာစွာဖုံးပြီးအပေါ်မီး(၂) ဆ ၊အောက်မီး(၅) ဆနှင့်ထမင်းများနှပ်သည်အထိနှပ် ထားပေးရပါမည်။

- မီးအပူချိန်ကိုလိုအပ်သလို အတိုးအလျှော့ပြုလုပ်ပါ။

- ထမင်းလုံး၀နှုးနှပ်သွားလျှင်သစ်သားယောင်းမနှစ် ချောင်းဖြင့်သမအောင်မွှေပေးပါ။

- ထိုသို့မွှေနေစဉ်အတွင်းလိမ္မော်ရောင်လေးများရအောင်ဇွန်းလေးနှင့်ဖြန့်ထည့်ပေးပါ။

- နှံ့အောင်မွှေထားပေးတဲ့ဒံပေါက်ထမင်းတွေကိုအခြားအိုးတစ်လုံးသို့ရွှေ့ပြောင်းထည့်ပါ။

- ကြက်သားနှပ်ထားတဲ့အောက်ဆုံးလွှာကိုရောက်ရင်ထမင်းတွေကိုဖြေးညင်းစွာဖယ်ရှားပြီးကြက်ပေါင်သား၊ရင်ပုံသားတွေကိုသီးသန့်ထုတ်ယူထားပါ။

- ကျန်ထမင်းအားလုံးကိုပြန်ရောပြီးအပူရှိန်ရစေရန်မီးရှိန်အေးအေးမှာပြန်နှပ်ထားပါ။

ဘာလချောင်ကြော်၊ အချဉ်သုပ်၊ ချဉ်ပေါင်ဟင်းရည်၊တို့စရာ(သခွား၊မုန်လာဥနီ၊ ပူဒီနံ)တို့ဖြင့်တွဲဖက် တည်ခင်းနိုင်ပါပြီ


No comments:

Post a Comment

@templatesyard