မျှစ်ဆူးပုတ်ရွက်ချက်


ပါဝင်ပစ္စည်း
  •  မျှစ်
  • ရုံးပတီသီး
  • ခရမ်းချဉ်သီး 1 လုံး
  • ဆူးပုတ်ရွက်
  • ငရုပ်သီးစိမ်း
  • ခရုဆီအနည်းငယ်


ပြင်ဆင်ထားရန်

  • မျှစ်ဖြူ 300 ဖိုးကို ရေဆေးပြီး လှီးထား။
  • ရုံးပတီသီး 200 ဖိုးကိုလည်း တစ်ထောင့် သုံးပိုင်းခန့်ကိုစောင်းစောင်းလေး လှီးထား။ လှီးပြီးမှ ကေမဆေးပါနဲ့ ၊ ရေအရင်ဆေး၊ ရေပြောင်အောင် တစ်ရှူးလေးနဲ့ သုတ်ပြီးမှ လှီးပါ။ မဟုတ်ရင် အရမ်းချွဲပါတယ်။
  • ဆူးပုတ်ရွက် (၁) စီး တင်ထား။
  • ငရုပ်သီး အမှည့်ထောင့်( အခြောက်မဟုတ်ပါ)
  • ကိုလည်း စောင်းစောင်းလေး လှီးထားပါ။
  • .
  • တရုတ်ကြက်သွန်ဖြူ အမြှောင့်ကြီး (၃) မြှောင့်ခန့်ကို မကြေတကြေလေး တစ်ပြားရိုက်ထားပါ။


ချက်ပြုတ်နည်း
_____________

  1. ပထမဆုံး ဆီပူထဲကို နနွင့်းနည်းနည်းထဲ့ ပြီး ခရမ်းချည်သီးတစ်လုံးကို အိနေအောင် ကြော်ပါ။ (ရေနွေလေး နည်းနည်းထဲ့)
  2. .
  3. အိလာပါက ငပိ မြေပဲဆံစိခန့်ထဲမွှေပါ။ ငပိနှံ့ရင် ခရုဆီလေး နဲနဲထည့်ပါ ( မထည့်က ရပါသည်။)
  4. အရသာ နဲနဲစီထဲ့(နဲနဲပဲ)၊ ကြက်သွန်ဖြူ ၊ မျှစ်ဖြူ၊ ငရုပ်နီထောင့် ထဲ့လှိမ့်ပါ။
  5. ငရုပ်နီထောင့်လေး ပျော့သွားပြီဆို ဆူပုတ်ရွက် ၊ ရုံးပတီသီးထဲ့ ၊ ရေလေးနဲနဲထဲ့ပြီး အုပ်ထား။ (၃) မိနစ်ကနေ (၅) မိနစ်အတွင်းဆိုရပါပြီ။

ဆူးပုတ်နံ့သင်းသက်းမွှေးမွှေးလေးနဲ့ စားမြိန်ပါတယ်


No comments:

Post a Comment

@templatesyard