သားငါးသီးရွက်ကို ဘယ်လိုသိမ်းမလဲ


စျေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံရေခဲသေတ္တာထဲခံအောင် ကြာကြာထားလို့ရတဲ့ အာနိသင်လည်းရှိတဲ့ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းလေးတွေပါ။

အသားဆို ဆားနနွင်းအချိုမှုန့်နယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ်။ (ကြက် ၀က် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)

ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်။ ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်။

ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်။

ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်။

ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်။

ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်။

ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်။

ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီးသိမ်းနိုင်ပါတယ်။

ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်။

ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်။

ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်။

မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ်။

မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်။

မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ်။

မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်။

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်။

ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ  ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်။

ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်။

ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ  သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ် အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်။

နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်။

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်။  

ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်ဖြန့်ထားကာ ထားနိုင်ပါတယ်။

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်။

ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်။

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ်။

သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်။

သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်။

ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်။

အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ်။

ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါအရောင်တင်မှုန့်ထည့်ပြီးဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာသိမ်းနိုင်ပါတယ်။  

ရေခဲသေတ္တာထဲမထည့်သင့်တဲ့အသီးကတေ့ာငှက်ပျောသီး ပါ အမှည့်ကြာစေတာမို့ အပြင်မှာဘဲထားစားပါ။

ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ 

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်ပြီးသိမ်းလို့ရပါတယ်။


No comments:

Post a Comment

@templatesyard