မုန့်စိမ်းပေါင်းပြုလုပ်နည်း


မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါမယ်။မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။.ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီးလက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။.

အောက်ခံအိုးထဲကိုရေထည့်ပြီးတာနံ့အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင်မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။.

လက်နဲ့ကိုင်နိုင်တဲ့အနေအထားတစ်ခုမှာတစ်၀က်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကိုဆုံထဲထည့်ထောင်းပါ။ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။.

မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီးအညို သားက အချိုဖြစ်ပါတယ်။အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီးမုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။

ထန်းညက် ၅၀ကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီးတာနဲ့ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်)နဲ့ပေါင်းလို့ရပါတယ်။တချို့က ပေါင်းစကာတွေနဲ့ပေါင်းကြပါတယ်။

မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြားပေါ်မှာပိတ်စိမ်း ပါး(ရှန်သား)ခင်းထားပါ။ထောင်းထားတဲ့ မုန့်အညို သားကို စကာနဲ့ရွရွလေးချပါ။အညို သားပေါ်က အဖြူ သားကို စကာချပါ။ပြီးရင် အပေါ်ကနေပဲလွန်းပြု တ်ကိုဖြူးပါ။ပဲလွန်းအစားသီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ဖရုံယို တို့ ထည့်နိုင်ပါတယ်ရှင်။

ပြီးရင် အဖုံးအုပ်ပြီး နာရီ၀က်လောက်ပေါင်းရင် နပ်ပါပြီ။ မုန့်စိမ်းပေါင်းကို လက်ဖက်ရည်၊ကော်ဖီတို့နဲ့တွဲဖက်စားလို့ရသလိုရေနွေးကြမ်းနဲ့လည်းတွဲဖက်စားလို့ရတဲ့မြန်မာ့ရိုးရာစားစရာမုန့်ဖြစ်ပါတယ်။


No comments:

Post a Comment

@templatesyard