ရှုးရှဲငါးသံပုရာပေါင်း


အရင်ဆုံးငါးကိုတစ်ကောင်လုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။ အညှီ အချွဲတွေပျောက်ပြီဆို ဂျင်းကိုထောင်းရလာတဲ့အရည်ကို ငါးကိုနေရာအနှံ့ပွတ် ကြက်သားမှုန့်လေး လည်းနေရာ အနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။ ထမင်းပေါင်းအိုးထဲရေထည့် ပေါင်းတဲ့အလယ်အကန့်လေးတင် စတီးပန်းကန် ပြားလေးထဲမှာမှ ငါးကိုထည့်ပြီးပေါင်းပေးရုံဘဲနော်။

ငါးပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ် ငါးကိုအအေးခံ။ ထန်းလျက် နဲ့ ငရုတ်သီးအနီကိုညက်အောင် ထောင်း ( မြေပဲထည့်လျှင်ရ သို့သော်အချဉ်ပေါ့သွားမည်ဆိုး၍မထည့်တော့ပါဖူး ) ကြက်သားမှုန့် ငံပြာရည် သံပု ရာရည် အချိုမှုန့် ရေနွေးအနည်းငယ်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။ ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ် သီးတွေထည့် နံနံပင် ပူတီနံ ကြက်သွန်ဖြူလေးလှီးပြီး သမအောင်မွှေ။ ဆော့စ်ရပြီဆို ငါးပေါင်းကိုအလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေနဲ့အလှဆင်။ စားချင်စရာရှုးရှဲငါးသံပုရာပေါင်းရပါပြီ။


No comments:

Post a Comment

@templatesyard