ဝက်အချင်းတိုင်အချိုချက်


ပါဝင်ပစ္စည်း

  • ဝက်အချင်းတိုင်............၂၀ ကျပ်သား
  • ကြက်သွန်နီ.................၁လုံး
  • ကြက်သွန်ဖြူ................. ၃တက်
  • ချင်းသေးသေး...............၁တက်
  • နာနာပွင့်မှုန့်..................ဇွန်းဖျားခန့်
  • ထန်းလျက်သေးသေး......၁လုံး

ချက်ပြုတ်နည်း

1. အချင်းတိုင်တွေကိုရေစင်အောင်ဆေးပြီးအတုံးငယ်များတုံးကာ ပဲငံပြာရည်အပျစ်၊
ဆား၊ အရသာမှုန့်တို့ဖြင့်နယ်ထားပါ။
2. ချင်း၊ ကြက်သွန်ဖြူ ကို ညှက်နေအောင်ထောင်းပြီးကြက်သွန်နီကိုခပ်နုပ်နုပ်စဉ်းပါ။
3. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ဖြင့်ထောင်းထားသောချင်း၊ ကြက်သွန်ဖြူ ထောင်းကိုနနွင်းမှုန့်အနည်းငယ် နှင့်အတူဆီသပ်ပါ။
4. မွှေးလာလျှင်ကြက်သွန်နီတွေထည့်ဆီသပ်ပါ။
5. လုံးခြမ်းခွဲထားသောထန်းလျက်ကိုထည့်ပါ။
6. ထန်းလျက်ကြေပြီးအနည်းငယ်နွမ်းလာလျှင် အရသာနယ်ထားတဲ့အချင်းတိုင်တွေထည့်ပါ။
7. ရေခမ်းဆီပြန်သည်အထိချက်ပါ။ နောက်ဆုံးမှနာနတ်ပွင့်မှုန့်လေးအနည်းငယ်ဖြူးပေးပါ။
8. ခပ်ပေါ့ပေါ့လေးစားရတဲ့ဝက်အချင်းတိုင်အချိုချက်လေးရပါပြီ။


No comments:

Post a Comment

@templatesyard